Follow me on Twitter RSS FEED

Virus သတိပေးချက်

Magway FC ( MGY ) Virus သည် July ၁ရက်နေ့ခန့်မှ စပြီး ယခင် ပျံနှံ့
ဖျက်ဆီးပုံထက် ပိုမိုဆိုးရွားစွာ
ပျံနှံဖျက်ဆီးလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခင်က MGY ၀င်သောစက်များတွင်
စက်တွင်း ၀င်ရောက်နေသော virus file များဖြစ်သည့်
System32\{271287-000021-100287-705016} Folder အတွင်းမှ mgy.exe,
smss.exe, csrss.exe, lsass.exe, icserv.exe တို့အနက်မှ mgy.exe,
smss.exe, csrss.exe file များသာ Process အနေဖြင့် အလုပ်လုပ်ပြီး
ထင်ရှားသည့် effect အနေဖြင့်လည်း Magwy FC logo မှာ taskbar
ညာဘက်ထောင့်နားတွင် တစ်ခါတစ်ရံမှသာ ပေါ်လာသော်လည်း၊ July 1 ရက်နေ့ (Virus
အား Timer ဖြင့် ပြုလုပ်ထားမည့်ရက်ဟု ယူဆပါသည်) နောက်ပိုင်းတွင်
ကျန်ရှိနေသော lsass.exe, icserv.exe file များလည်း အလုပ်လုပ်လာပြီး
ဆိုးကျိုးနှင့် effect များ အလွန်အန္တရာယ် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
Magway FC Virus ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးနှင့် Virus effect များမှာ
- Task manager, command, search, registry, folder option များ
ပိတ်သွားခြင်း - Start Menu သည် MaGway FC ဟု ပြောင်းသွားခြင်း - Desktop
ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway FC Logo တစ်ခု မကြာခဏ
တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကြားရခြင်း
- Desktop ပေါ်ရှိ Shortcut နှင့် File ပျောက်သွားခြင်း၊
- MyComputer, MyDocument များအပါအ၀င် File Icon များ ဘောလုံးပုံစံပါ Logo များအဖြစ်ပြောင်းသွားခြင်း
- HardDisk Partation များတွင် Folder များသာကျန်ရှိပြီး အတွင်းမှ file များ ပျောက်သွားခြင်း
- HardDisk Partation တိုင်းတွင် 15MB (16033KB) Virus File များကို Diskspace မကျန်အောင် ပွားများစေခြင်း
- နောက်ဆုံးတွင် အဆုံးရွားဆုံးအနေဖြင့် Data များ သိမ်းဆည်းထားသော
HardDisk Partation (e.g. D:, E:) များအတွင်းရှိ User Data File များသည်
(16033KB) အရွယ် File size ပြောင်းလဲသွားပြီး၊ ၎င်း file name များဖြင့် .exe
extenstion များ ဖြင့် အဆင့်ဆင့်ပွားများသွားခြင်း (e.g. file name =
photo.jpg ဆိုလျှင် photo.jpg.exe, photo.jpg.exe.exe,
photo.jpg.exe.exe.exe, photo.jpg.exe.exe.exe.exe စသည်ဖြင့် ) Harddisk
နေရာအလွတ် Diskspace ရှိသလောက် ပွားများပြီး၊ သိမ်းထားသော Data
အားလုံးပျက်စီးစေနိုင်ပါတယ်။
Magway FC Virus (mgy) Virus ၀င်ရောက်ခြင်းခံရပါက ပြုလုပ်ရန်
- Magway FC Virus ကို ယခင် နည်းလမ်းများ ဖြင့်ရှင်းလင်းပါက Virus File
အချို့ကိုရှင်းလင်းနိုင်သော်လည်း၊ ပွားများနေသော Virus File များ၊ Virus
ကြောင့်ဖြစ်ပေါ်လာသော Effect များကျန်ရှိခြင်းနှင့် Data File
များပျက်စီးခြင်း စသည့်ပြဿနာများရှိနိုင်ပါသည် - Magway FC Virus သည်
Desktop ညာဘက် အောက်ထောင့် Taskbar အပေါ်နားတွင် Magway FC Logo တစ်ခု
မကြာခဏ တက်လာပြီး Notify wave (တီမ်တန်) ဟု အသံကို ကြားနေရချိန်တွင်
အထက်ဖော်ပြပါဆိုးကျိုးနှင့် Virus Effect များပြုလုပ်ခြင်း၊ File များကို
ဖျက်စီးခြင်းတို့ကို တစ်ဆင့်ခြင်းပြုလုပ်ပါသည်၊ Virus
ဝင်ရောက်ခြင်းခံရသည်နှင့် ချက်ခြင်းဖြစ်ပေါ်ပျက်စီးခြင်း ဖြစ်သည်မဟုတ်ပါ။
သို့ပါသော်ကြောင့် Virus ၀င်ရောက်ပါက အချိန်မဆွဲပဲ
အမြန်ဆုံးရှင်းလင်းခြင်း၊ ကိုယ်တိုင် မပြုလုပ်တက်ပါက Technician များ
နှင့် ပြသခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ virus
ရှင်းလင်းခြင်းမပြုလုပ်ရသေးခင် ၀င်ရောက်ခံရသော ကွန်ပျူတာကို
ဖွင့်မထားသင့်ပါ၊ ကွန်ပျူတာဖွင့်ထားသည့် အချိန်ကြာလာသည်နှင့်အမျှ system
နှင့် File များ ပျက်စီးမှုပိုများနိုင်တယ်။ လက်ရှိအနေဖြင့် virus နှင့်
virus effect များကိုရှင်းလင်းနိုင်သော်လည်း ပျက်စီးသွားသော file များ
ပြန်လည်ရယူရန် မလွယ်ကူပါ။ ထို့ကြောင့်အထူးဂရုပြုသင့်ပါတယ်။

0 comments:

Post a Comment